သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-19
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွအာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ဒီကနေ့ ၆၉ နှစ်ပြည့်မြောက် လာခဲ့ပါပြီ။
2016-07-19
တိုင်းရင်းသားအားလုံး လက်ခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဖြစ်မလာရင် ၂၁ ရာစုပင်လုံ ညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူးဦးရယ် က ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။
2016-07-19
မန္တလေး၊ စစ်ကိုင်းနဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့ နဲ့ တရားမဝင်ပြည်ပ တင်ပို့မှုတွေကို တားဆီးပေးဖို့အတွက် အစိုးရထံ တင်ပြတောင်းဆိုမယ့် လက်မှတ်တွေကို မန္တလေးမြို့မဟာအောင်မြေကျောက်ဝိုင်းအဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင် ကောက်ယူနေပါတယ်။
2016-07-17
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ မိုးရာသီရောက်ရင် မကြာခဏမြေပြို လို့ ရေမဆေးကျောက် ရှာဖွေတူးဖော်သူတွေဟာ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
2016-07-16
ဒီမိုကရေစီထူထောင်တဲ့နိုင်ငံမှာ ပုဂ္ဂလိက သတင်း ကဏ္ဍအားကောင်းဖို့ လိုပေမဲ့ သတင်းစာတွေ မဂ္ဂဇင်းတွေ ရေရှည် မရပ်တည်နိုင်ချိန်မှာ အစိုးရ သတင်းစာ က ကြော်ငြာအားကောင်းကောင်း နဲ့ ရှေ့ဆက်နေပါတယ်။
2016-07-16
ရန်ကုန်တိုင်းအတွင်းက တက္ကသိုလ်တွေမှာ မူးယစ်ဆေးဝါးတွေကို တနေ့တခြား ပိုပြီးလွယ်လွယ်ကူကူ ဝယ်လို့ရလာနေပြီး ကျောင်းသားတွေအကြား မူးယစ်ဆေးသုံးစွဲမှုဟာ စိုးရိမ်ဖွယ်မြင့်မားလာနေပါတယ်။
2016-07-16
နည်းပညာနဲ့ သက်မွေးပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
2016-07-15
နှစ်ပေါင်းများစွာ လူထုသိခွင့်မရခဲ့တဲ့ အာဇာနည်နေ့ ဆိုတာကို မျိုးဆက်မတူတဲ့ ပြည်သူတွေ ဘယ်လို သိရှိနားလည်ခဲ့ကြပါသလဲ။ မခက်မာ က စုစည်း တင်ပြထားပါတယ်။
2016-07-14
ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကားတွေပြောဆိုမှုတွေ၊ သွေးကွဲစေအောင် ဝါဒဖြန့်ချီမှုတွေ လုပ်ဆောင်လာရင် ရဟန်း ပုဂ္ဂိုလ်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ တာဆီးထိန်းသိမ်းပြီး လိုအပ်ရင် အရေးယူမှုတွေ ဆောင်ရွက်သွားဖို့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်း အဝေးပွဲမှာ ယဉ်ကျေးမှုနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က လျှောက်ထားခဲ့ပါတယ်။
2016-07-13
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒထုတ်ဖေါ်တာတွေ မလုပ်ဖို့ မဘသ ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-13
ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ဗိုလ်မှူးကြီး ဗထူး နှစ်တစ်ရာပြည့်နေ့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဗထူး ကို သိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဗိုလ်မှူးကြီး ဗထူးအကြောင်းကို ပြောပြထားပါတယ်။
2016-07-11
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ အလုံးအရင်းနဲ့ ဝင်လာတဲ့ စီးကရက်ကုမ္ပဏီတွေ ဟာ ဈေးချိုချိုနဲ့ ရောင်းနေတဲ့အကြောင်းနဲ့ စီးကရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင် တာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-07-09
ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်လာပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီး ပထမရက် ၁၀၀ အတွင်း အပြောင်းအလဲတချို့နဲ့ ကျန်ရှိသေးတဲ့ စိန်ခေါ်မှုတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-07-08
ပဲခူးတိုင်းက မြေသိမ်းယာသိမ်းမှုတွေကို ဖော် ထုတ်ရေးသားနေတဲ့ စာရေး ဆရာ အောင်ထိပ် ခေါ် ဒေါက်တာစိုးမြင့်သန်း ဓာတ်ပုံနဲ့ Facebook လူမှုကွန်ရက် စာမျက်နှာ အတုကို တစ်စုံတယောက်က ဖွင့်လှစ်ထားပြီး အဲ့ဒီမှာ ဖော်ပြတဲ့သတင်းကြောင့် ကဝိဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာစိုးမြင့်သန်း ဒီလ ၄ ရက်နေ့က ဖမ်းဆီးခံရပြီး ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူခံထားရပါတယ်။
2016-07-08
ဒီကနေ့ ဇူလိုင် ၇ ရက်နေ့ဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာရှင် အစိုးရကို ဆန့်ကျင် ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရန်ကုန်တက္က သိုလ်ဝင်းအတွင်းမှာ အပစ်ခံရပြီး ဖမ်းဆီးခံရတဲ့ ၅၄ နှစ်မြောက် ဖြစ်တဲ့အတွက် 7 July အခမ်းအနားတွေ ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။