အမုန်းစကား မဘသ ရှောင်ရှားဖို့ ဝန်ကြီးပြောကြား
2016.07.14
ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကားတွေပြောဆိုမှုတွေ၊ သွေးကွဲစေအောင် ဝါဒဖြန့်ချီမှုတွေ လုပ်ဆောင်လာရင် ရဟန်း ပုဂ္ဂိုလ်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ တာဆီးထိန်းသိမ်းပြီး လိုအပ်ရင် အရေးယူမှုတွေ ဆောင်ရွက်သွားဖို့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်း အဝေးပွဲမှာ ယဉ်ကျေးမှုနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က လျှောက်ထားခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။