သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-24
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းမှာ နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီအထဲမှာ လက်နက်ကိုင် ခုခံတိုက်မှုများတဲ့ ပုလောမြို့နယ်မှာ နေအိမ်တွေ အများဆုံး မီးရှို့ခံခဲ့ရပါတယ်။
2023-01-23
သူတို့ တပ်ဖွဲ့တွေဟာ သထုံနဲ့ ဘားအံဒေသတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီး ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်စပ်တွေမှာတော့ ကရင်နီတပ်မတော် KA တပ်ဖွဲ့တွေနဲ့ လက်တွဲနေပါတယ်။
2023-01-23
တရုတ်နှစ်သစ်ကူးကာလမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ဖက်စလုံးက အင်အားကြီး တရုတ်နိုင်ငံကို ချီးကျူးစကားတွေ အပြိုင်အဆိုင်ပြောဆိုခဲ့ကြပါတယ်။
2023-01-23
NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၁ ရက်နေ့မှာ တိုက်လေယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2023-01-22
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဇန်နဝါရီလ ၂၁ ရက်မှာ အင်းမရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-21
လက်ရှိတော်လှန်ရေးလှုပ်ရှားမှုတွေ အောင်မြင်မှုရဖို့ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့အရေးသုံးသပ်သူ ဦးရဲမျိုးဟိန်းက ပြောပါတယ်။
2023-01-21
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ မယ်စလောင်းစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၀ ရက်မှာ တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2023-01-20
မြန်မာအာဏာသိမ်း စစ်ကောင်စီကို ပြည်ပနိုင်ငံစီးပွားရေး လုပ်ငန်းကုမ္ပဏီ တစ်ဒါဇင်လောက်က တိတ်တဆိတ် ကူညီထောက်ပံ့ပေးနေကြရာမှာ အများစုက အနောက်နိုင်ငံတွေရဲ့ လက်နက်ကုမ္ပဏီတွေဖြစ်ကြောင်း အသစ်ထုတ်ပြန်လိုက်တဲ့ သုတေသနတွေ့ရှိချက်တစ်ရပ်က ဖော်ပြပါတယ်။ မြန်မာအပေါ် နိုင်ငံတကာက လက်နက်ပိတ်ဆို့ထားပေမဲ့ လက်နက်ထုတ်လုပ်ရောင်းချရေးလုပ်ငန်းက ရပ်တန့်မသွားဘဲ နည်းမျိုးစုံနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
2023-01-20
အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွေမှာလည်း ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ပြီး လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ တက်ရောက်ကြပါတယ်။
2023-01-20
အစ္စရေးနည်းပညာကုမ္ပဏီ Cognyte ဟာ ကြားဖြတ်ဖမ်းယူနိုင်တဲ့ ခေတ်မီထောက်လှမ်းရေးကိရိယာတွေကို မြန်မာနိုင်ငံကိုတင်သွင်းဖို့ တင်ဒါအောင်ခဲ့သလို နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီ ၄၅ ခုကျော်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက် နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းတွေ ကူညီခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M နဲ့ Justice for Myanmar အဖွဲ့တို့က ထုတ်ပြန်ပါတယ်။
2023-01-20
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာဟာ CNF က စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အပြင် ချင်းဒေသကာကွယ်ရေးအဖွဲ့တွေကို စစ်သင်တန်းပေးခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ ချင်းနိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။
2023-01-20
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နောက်တစ်ကြိမ်ရွေးကောက်ပွဲလုပ်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနေပါတယ်။
2023-01-19
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတချို့ ပြန်ထွက်ခွာမှု၊ စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးမှု၊ မလုံခြုံမှုတွေကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ နိုင်ငံအတွင်းက အလုပ်သမားတွေဟာ ရရာအလုပ်လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြပါတယ်။
2023-01-19
ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခန့် မိုးဒါးလေးရွာ စေတီရပ်မှာ ရှင်ပြုအလှူပွဲလုပ်ပြီးချိန် ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးလာကြဲလို့ နေအိမ်မှာပုန်းနေသူတွေနဲ့ အလှူပွဲကပြန်လာသူတွေ သေဆုံး၊ ဒဏ်ရာရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-18
စစ်ပွဲတွေရဲ့နောက်ဆက်တွဲ ကြုံရမယ့် စားနပ်ရိက္ခာ မလုံလောက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အစိုးရတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်