ဟိုပန်ကျေးရွာ မီးလောင်မှု TNLA ငြင်းဆို


2016.05.12

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာ မီးလောင်ပြီး အိမ်ခြေ ၆ဝ ကျော်လောက်ပါသွားခဲ့ပါတယ်။ မီးလောင်တာဟာ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA က ရှို့ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပါတီတွေက TNLA ထံစာပို့ထားပြီး နေအိမ်တွေ ပြန်ဆောက်ပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

အာအက်ဖ်အေက TNLA တာဝန်ရှိသူကို မေးရာမှာ အဲ့ဒီကျေးရွာ မီးလောင်တာဟာ သူတို့ရှို့တာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။