မြန်မာ့တပ်မတော်နဲ့ အစိုးရကို အရေးယူဖို့ နိုင်ငံတကာကို ရိုဟင်ဂျာတွေ တိုက်တွန်း

မြန်မာနိုင်ငံက လူနည်းစုတွေကို ဖိနှိပ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ အဲဒီလုပ်ရပ်တွေကို မတားဆီးနိုင်တဲ့ အစိုးရအပေါ် တိကျပြတ်သားတဲ့ အရေးယူမှုတွေ စုပေါင်းဆောင်ရွက်ကြဖို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကို တွေ့ရစဉ်

မြန်မာနိုင်ငံက လူနည်းစုတွေကို ဖိနှိပ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ အဲဒီလုပ်ရပ်တွေကို မတားဆီးနိုင်တဲ့ အစိုးရအပေါ် တိကျပြတ်သားတဲ့ အရေးယူမှုတွေ စုပေါင်းဆောင်ရွက်ကြဖို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ "မြန်မာနိုင်ငံက လူနည်းစုတွေကို အကာအကွယ်ပေးရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က ဦးဆောင်ပြီး သောကြာနဲ့ စနေ ၂ ရက်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် တိုက်တွန်းလိုက်တာပါ။

ပထမနေ့ ဆွေးနွေးပွဲအခမ်းအနားကို ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ဗီဒီယိုကနေတဆင့် အမှာစကား ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေရေး ပညာရှင်တွေ နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org