လေးလအတွင်း ရိုဟင်ဂျာငါးရာကျော် အဖမ်းခံရ
မြန်မာ့ပင်လယ်ပြင်မှာ သုံးနှစ်အတွင်းအဖမ်းခံရတဲ့ရိုဟင်ဂျာ ၁၇၀၀ နီးပါးရှိတယ်လို့ RFA က သီးသန့်ဖတ်ခွင့်ရတဲ့ တပ်မတော် (ရေ) ရဲ့ လျှို့ဝှက်စာရင်းအရသိရပါတယ်။
-
2020-02-28 -
-
-
rohingya-622.jpg
မြန်မာ့ပင်လယ်ပြင်မှာ သုံးနှစ်အတွင်းအဖမ်းခံရတဲ့ရိုဟင်ဂျာ ၁၇၀၀ နီးပါးရှိတယ်လို့ RFA က သီးသန့်ဖတ်ခွင့်ရတဲ့ တပ်မတော် (ရေ) ရဲ့ လျှို့ဝှက်စာရင်းအရသိရပါတယ်။ အဲဒီအပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ ၂ဝ၂ဝ ဖေဖော်ဝါရီလအထိ လေးလအတွင်း မှတ်ပုံတင်အထောက်အထားမပါလို့ ပြည်တွင်းမှာ အဖမ်းခံထားရတဲ့သူ ၅၀၀ ကျော်ရှိပြီး တရားရင်ဆိုင်နေရပါတယ်။
အဲဒီထဲမှာ အသက် (၁၈) နှစ်အောက်ကလေးတွေကို လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းတွေ ပို့ထားတာလည်းရှိပါတယ်။
ရခိုင်ပြည်နယ်မှာ သူတို့ရဲ့မရေရာတဲ့ဘဝရှေ့ရေးတွေကြောင့် ထွက်ပြေးတာများလာနေပြီလို့ အစိုးရအရာရှိတွေရော၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကပါ ထောက်ပြကြပါတယ်။
RFA ဝိုင်းတော်သူ မခက်မာတင်ပြထားပါတယ်။