လူမှုကွန်ရက်မှာ လူမျိုးမုန်းတီးရေးစာတွေ ဖြန့်ဝေမှု နမ့်ခမ်းဒေသခံတွေ စိုးရိမ်
2018.09.07
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က အမျိုးသမီးတစ်ယောက်ကို တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားတွေကြားမှာ လူမှုကွန်ရက်ကနေ လူမျိုးမုန်းတီးရေးစာတွေ ဖြန့်ဝေလာတာ တွေ့ရပါတယ်။
အဲဒီအပေါ် နမ့်ခမ်းဒေသခံတွေရဲ့ စိုးရိမ်မှု အခြေအနေတွေကို RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။