ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဆွေးနွေးပွဲ

မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ လျှော့ချနိုင်ရေးနဲ့ နောက်ပိုင်းဆွေးနွေးပွဲတွေမှာ KIA အပါအဝင် လေးဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA ၊ AA ကိုးကန့်အဖွဲ့တို့ ဒီနေ့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက်ရခဲ့ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။

```````````````````````````

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ၊ TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ အတွင်းရေးမှူး ၂ တာပန်လှ၊ AA အဖွဲ့က ဒေါက်တာ ညိုထွန်းအောင်၊ ကိုးကန့်က ဒုဥက္က ဋ္ဌ ရန်ဝေကျုံး တို့ ဦးဆောင်တက်ရောက်ကြပါတယ်။

ဒါ့အပြင် UWSA “ဝ” နဲ့ KIA အဖွဲ့က ကိုယ်စားလှယ်တွေလည်း သက်သေအဖြစ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ လျော့ချနိုင်ရေးနဲ့ နောက်ပိုင်းမှာ KIA  အပါအဝင် မြောက်ပိုင်းက ၄ ဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေးကော် မရှင်နဲ့ TNLA ၊ AA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့ ဒီနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက်ရခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ။

တဆက်ထဲမှာပဲ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းဟာ မနေ့က ကူမင်းမြို့မှာ TNLA ၊ AA နဲ့ ကိုးကန့်အဖွဲ့တို့ နဲ့တွေ့ဆုံပြီး မြန်မာအစိုးရတပ်နဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ လျော့ချနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org