မြစ်ဆုံစီမံကိန်းကို အတိုင်ပင်ခံ လက်ခံမှာကို စိုးရိမ်မှုတွေရှိနေ
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ် ဖိုရမ်မှာ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံလိုက်မှာကို ကချင်နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
-
2019-04-19 -
-
-
မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြစ်ကြီးနားမြို့မှာ ဒေသခံတွေ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Elizabeth/RFA
Your browser doesn’t support HTML5 audio
ဒီလကုန်ပိုင်းမှာ တရုတ်နိုင်ငံ၊ ဘေကျင်းမှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်မြောက် ဖိုရမ်မှာ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံလိုက်မှာကို ကချင်နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ မြစ်ဆုံဒေသခံတွေက စိုးရိမ်နေကြပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။