ကျောက်တန်းရွာက သေဆုံးဒဏ်ရာရသူတွေဟာ ဒေသခံတွေဖြစ်
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထကကျောင်းဝန်းအတွင်းမှာ ရွာသား ၂၇၅ဦးကို တပ်မတော်က ဖမ်းဆီးပြီး AA တပ်ဖွဲ့ဝင်တွေ ပါမပါ စစ်ဆေးနေချိန်မှာ သေနတ်လုဖို့ ကြိုးစားတယ်ဆိုပြီး တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဖမ်းခံနေရသူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
-
2019-05-03 -
-
-
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၂ ရက်နေ့က ပို့ဆောင်စဉ်
Photo: Aung Kyaw Htwee
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထကကျောင်းဝန်းအတွင်းမှာ ရွာသား ၂၇၅ဦးကို တပ်မတော်က ဖမ်းဆီးပြီး AA တပ်ဖွဲ့ဝင်တွေ ပါမပါ စစ်ဆေးနေချိန်မှာ သေနတ်လုဖို့ ကြိုးစားတယ်ဆိုပြီး တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဖမ်းခံနေရသူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သူတို့အားလုံးဟာ ကျောက်တန်းရွာဒေသခံတွေဖြစ်တယ်လို့ ဖမ်းဆီးခံရာက လွတ်မြောက်လာသူ ရွာသားတွေက ပြောပါတယ်။
ဖမ်းဆီးခံနေရာက လွတ်မြောက်လာသူ ရွာသားတွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က မေးမြန်းပြီး တင်ပြထားပါတယ်။