သခင်ကိုယ်တော်မှိုင်း ၁၃၅ နှစ်မြောက် မွေးနေ့နှစ်ပတ်လည်

ဒီနေ့ မတ်လ ၂၃ ရက်နေ့ဟာ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ပါ။ ဆရာကြီးဟာ ၁၀ နှစ်သားအရွယ် မန္တလေးမြို့မှာ ပညာသင်ကြားနေတုန်း အင်္ဂလိပ်တွေက မြန်မာဘုရင် သီပေါမင်းကို နန်းကချပြီး ခေါ်ဆောင်သွားတာကို ကိုယ်တိုင် တွေ့မြင်လိုက်ရပြီးတဲ့နောက်၊ အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသား လွတ်မြောက်ရေးအတွက် ထိပ်တန်းကနေ ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်သာမက ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါ် ဦးလွန်း၏ ၁၉၅၈ ခုနှစ်က ဓာတ်ပုံဟောင်း တခုဖြစ်ပါသည်။ (Photo: Wikimedia) Photo: Wikimedia

ဒါ့အပြင် လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်တွင်းစစ် ဖြစ်လာတဲ့အတွက် ငြိမ်းချမ်းရေးရဖို့ သက်ဆုံးတိုင် ကြိုးပမ်းခဲ့သူအဖြစ် ထင်ရှားပါတယ်။

ဒါ့ထက်မကပဲ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တဲ့အတွက် စတာလင် ငြိမ်းချမ်းရေးဆုကို ရခဲ့သလို၊ အရှေ့ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလည်း ရခဲ့ပါတယ်။

ဒါကြောင့် ဆရာကြီးအကြောင်းနဲ့ ပတ်သက်ပြီး သူ့ကို သက်ရှိထင်ရှား တွေ့မြင်လိုက်ရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က စာပေနဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်အောင် အကျိုးပြုခဲ့တဲ့အတွက် ဆရာကြီးရဲ့ စာတွေ၊ ကဗျာတွေဟာ ဘယ်တော့မှ တိမ်ကောမှာ မဟုတ်သလို၊ နိုင်ငံရေးမှာလည်း သူမသာ၊ ကိုယ်မနာဆိုတဲ့သဘောတရားနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ခဲ့တာကို ဒီနေ့ အချိန်မှာ စံနမူနာ ယူသင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ အာဏာရှိသူတွေနဲ့ ရင်းနှီးကျွမ်းဝင်ပေမဲ့ အခွင့်အရေး မယူခဲ့သလို၊ ဘဝတလျှောက်လုံး အနစ်နာခံပြီး ခြိုးခြံချွေတာ သွားခဲ့တာဟာလည်း ဒီနေ့ခေတ် နိုင်ငံရေးသမားတွေရော၊ မျိုးဆက်သစ်လူငယ်တွေပါ အတုယူသင့်တယ်လို့ ဆိုပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြောပြချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နုတ် တင်ပြထားပါတယ်။

သခင်ကိုယ်တော်မှိုင်း
အသံဖိုင်ယူရန်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org