တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်ခန့်ပိုင်ခွင့် ပုဒ်မ (၂၆၁) ကို ပြင်သင့် မပြင်သင့်
2020.03.12
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေးအစီအစဉ်မှာ "တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်ခန့်ပိုင်ခွင့် - ပုဒ်မ (၂၆၁) ကို ပြင်သင့် မပြင်သင့်" ဆိုတဲ့ခေါင်းစဉ် ဆွေးနွေးသွားမှာပါ။
ရခိုင်အမျိုးသားပါတီ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင် တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန် က ဆွေးနွေးထားပါတယ်။