အစိုးရသက်တမ်း ငါးနှစ်အပေါ် သုံးသပ်ခြင်း
2021.01.07
RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေး အစီအစဥ်မှာ “အစိုးရသက်တမ်း ၅ နှစ်အပေါ် သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးနေပါတယ်။
ဒီတစ်ပတ် အပိုင်း (၃) မှာတော့ “လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့် သုံးသပ်ချက်” ကို ရှုစားကြရမှာပါ။ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ သတင်းမီဒီယာ ကောင်စီ၊ သတင်းမီဒီယာကျင့်ဝတ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇေယျာလှိုင်၊ အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာမောင်ဆောင်းခ တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ဆက်ထားပါတယ်။