ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ၈၃ နှစ်မြောက် နှစ်ပတ် လည်နေ့ ကျင်းပ
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၈၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းက ဦးချစ်လဖက်ရည်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
-
2014-01-09 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၈၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းက ဦးချစ်လဖက်ရည်ဆိုင်မှာ ကျင်းပခဲ့ ပါတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဟာ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတလျှောက်မှာ အရေးပါခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ် လို့ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။
“ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ထင်ရှားတဲ့ခေါင်းဆောင်တွေကို မွေးထုတ်ပေး ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူတဲ့စိတ်နဲ့ ကျနော်တို့ ခံယူတတ်လာမယ်ဆိုလို့ရှိရင် ခွပ်ဒေါင်းဆိုတာ ဘာလဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာ ဘာလဲ၊ ကျောင်းသားသမဂ္ဂဆိုတာဘာလဲ ဆိုတာကို ဒီသမဂ္ဂရဲ့စိတ်ဓာတ် အစဉ်အလာ သမိုင်းကြောင်းတွေကို သိနားလည်လာရင်းနဲ့ ကျနော်တို့ အရမ်းကိုမျှော်မှန်းခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ကို ပြန်ဆောက်နိုင်ဖို့အတွက် ဒါဟာ အဦးအစဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါမယ်”
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ အမှန်ဘက်က အမြဲရပ်တည်တတ်တဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းတွေရရှိဖို့ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။
၈၃ နှစ်မြောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ သို့မဟုတ် ခွပ်ဒေါင်းစာအုပ်ထုတ်ဝေတဲ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းပေါင်းစုံက ကျောင်းဆရာများသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေပါ တတ်ရောက်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စတင်တည်ထောင်တဲ့ ၈၃ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (သို့မဟုတ်) ခွပ်ဒေါင်းစာအုပ်မိတ်ဆက်ပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။