ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကုမ္ပဏီကြီးသုံးခု တင်ဒါတင်သွင်း

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာရှိတဲ့ တွံတေး၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းပေါ်မှာ ရန်ကုန်မြို့သစ် စီမံကိန်းအကောင် အထည်ဖော်ဖို့ ကုမ္ပဏီကြီးသုံးခုက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဗုဒ္ဓဟူးနေ့က တင်ဒါတင်သွင်းခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရက ယာယီရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ မေလ ၅ ရက်နေ့က တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာ တွံတေးမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ဒေသခံတွေ စုပေါင်းတောင်းဆိုကြစဉ် Photo: Wai Mar Tun/RFA

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာရှိတဲ့ တွံတေး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းပေါ်မှာ ရန်ကုန်မြို့သစ် စီမံကိန်းအကောင်အထည်ဖော်ဖို့ ကုမ္ပဏီကြီးသုံးခုက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ ဗုဒ္ဓဟူးနေ့က တင်ဒါတင်သွင်းခဲ့ပါတယ်။

တင်ဒါလျှောက်လွှာကို ကုမ္ပဏီ ၅ဝ ကျော်က ဝယ်ယူခဲ့ပေမယ့် ကုမ္ပဏီ သုံးခုကပဲ တင်ဒါတင်သွင်းခဲ့တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

တင်ဒါတင်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကတော့ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများနဲ့ သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Developement Ltd ၊ ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက် လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီတွေက တင်ဒါအောင်ခဲ့မယ်ဆိုရင် လမ်း၊ တံတား၊ လူနေအိမ်ယာ၊ လေယာဉ်ကွင်း စတဲ့ လူနေမှု အဆင့် မြှင့်တင်ပေးမှာဖြစ်သလို ဒေသခံ လူလေးသိန်းခန့် အလုပ်အကိုင်ရလာနိုင်မယ်လို့ တင်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဲ့ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ အဆိုတင်သွင်းခဲ့ပြီး အတည်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org