ယန်ဟီးလီကို သက်တမ်းတိုးဖို့ ကုလဆုံးဖြတ်ချက် ဖိလစ်ပိုင် ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို နောက်ထပ်သက်တမ်းတစ်နှစ် ထပ်တိုးဖို့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကို ဝေဖန်သူတွေ က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ် Photo: Htet Arkar/RFA

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို နောက်ထပ်သက်တမ်းတစ်နှစ် ထပ်တိုးဖို့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကို ဝေဖန်သူတွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီ သက်တမ်းတိုးရေးကိစ္စအပေါ် မဲခွဲခဲ့ရာမှာ ဖိလစ်ပိုင်က တရုတ်၊ ကျူးဘား၊ ဗင်နီဇွဲလား၊ ဘူရွန်ဒီ နိုင်ငံတွေနဲ့အတူ ကန့်ကွက်မဲပေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်က ပြန်လည်ရှင်းလင်းရာမှာ မြန်မာနိုင်ငံတွင်းက အပေါင်းလက္ခဏာဆောင် တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပါအဝင်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရှုပ်ထွေးလှတဲ့ အဖြစ်အပျက်တွေကို အမြဲ စောင့်ကြည့်နေကြောင်း၊ မြန်မာရဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေဟာ လွတ်လွတ် လပ်လပ်မရှိဘဲ ယုံကြည်စိတ်ချရမှာမဟုတ်ဘူးဆိုတဲ့ လွဲမှားတဲ့ မှန်းဆချက်ပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာ တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်အပေါ် မထောက်ခံနိုင်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြော လိုက်ပါတယ်။

ဒါပေမဲ့ လူသားချင်းစာနာရေး အကူအညီတွေကို အားပေးထောက်ခံပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို တိုးမြှင့်ကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org