စာရေးဆရာ မောင်သာချိုနဲ့ ထင်လင်းဦး ထောင်ချခံရ
ရန်ကုန် အင်းစိန်ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ စာရေးဆရာ မောင်သာချိုက အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်၊ စာရေးဆရာ ထင်လင်းဦးက အလုပ်နဲ့ထောင်ဒဏ် သုံးနှစ် ဒီနေ့ အသီးသီး ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-02-22
-
-
-
ရန်ကုန် အင်းစိန်ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ စာရေးဆရာ မောင်သာချို က အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်၊ စာရေးဆရာ ထင်လင်းဦးက အလုပ်နဲ့ထောင်ဒဏ် သုံးနှစ် ဒီနေ့ အသီးသီး ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စာရေးဆရာ မောင်သာချိုရဲ့ အကျိုးဆောင်ရှေ့နေကတော့ အမှုနဲ့ပတ်သက်လို့ တရားခွင်မှာ ကောင်းမွန်စွာ ထုချေထားတဲ့အတွက် ဒီအမိန့်ကို အယူခံတက်ဖို့ မရှိဘူးလို့ ပြောပါတယ်။
"ဒါက အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်တာပါ။ အမှုနဲ့ပတ်သက်လို့ ကျမတို့ ကောင်းမွန်စွာ ထုချေခဲ့ပါတယ်။ အယူခံတက်ဖို့တော့ ဆရာက ဆန္ဒမရှိပါဘူး။ ဆရာ ကျန်းမာရေး ကောင်းပါတယ်"
သူတို့နှစ်ဦးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်း ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က)နဲ့ အင်းစိန်ထောင်မှာ တရားရင်ဆိုင်နေရတာပါ။
ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးရဲ့ ရာဇသတ်ကြီး ပုဒ်မ- ၅၀၅ (ဂ) အမှုနဲ့ပတ်သက်လို့လည်း ဒီနေ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် မတ်လ ၈ ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။