ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ နယ်မြို့တွေမှာ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြော ပွဲတွေ ကျင်းပနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြော ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ နယ်မြို့တွေမှာ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲတွေ ကျင်းပနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ် မင်္ဂလာခန်းမမှာ အရပ်ဖက်လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့စုပေါင်းပြီး လယ်သမား၊ အလုပ်သမား၊ အမျိုးသမီး၊ ကလေးအခွင့်အရေး စတဲ့ခေါင်းစဉ် ၈ ခုနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ လူ့အခွင့်အရေးဆွေးနွေးပွဲတွေကို မြို့ကြီးအတော်များများမှာ ကျင်းပနေကြတယ်လို့သိရပြီး ဆွေးနွေးချက်တွေကို စုစည်းပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်မယ်လို့ ရန်ကုန်မြို့ အခြေစိုက် Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက RFA ကိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဘယ်လိုမျိုးသုံးသပ်ပါသလဲ၊ ဒါကြောင့်မို့ အစိုးရတွေ ဘာတွေလုပ်သင့်ပါသလဲဆိုတဲ့ လူထုတွေရဲ့ ဆွေးနွေးမှုကို ကျနော်တို့ရအောင် လုပ်ဆောင်နေပါတယ်၊ အဲဒီလုပ်ဆောင်ချက်တွေ အားလုံးကိုပေါင်းပြီးတော့ ဒါတွေကတော့ ဒီနေ့တက်ရောက်လာတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တက်ရောက်လာသူနဲ့ ဆွေးနွေးချက်တွေဖြစ်ပါတယ်၊ ဒါကြောင့်မို့ အစိုးရအနေနဲ့ ဒါတွေကို အလေးထားပြီး လုပ်ဆောင်သင့်ပါတယ်ဆိုတဲ့ ကြေညာချက်လေးထွက်အောင် ကျနော်တို့ဖန်တီးပါမယ်”

နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၅၀ ခုနှစ်က ပြဌာန်းခဲ့တာပါ။ ကမ္ဘာ့ကုလသမဂ္ဂက ပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်တွေကို လူသားတိုင်း၊ နိုင်ငံတိုင်း လိုက်နာကျင့်သုံးပြီး အဲဒီလူ့အခွင့်အရေး ပြဌာန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖေါ်ဖို့ တွန်းအားပေးတဲ့နေ့လည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org