အမျိုးစောင့်ဥပဒေဆိုတာ လူ့အခွင့်အရေး ချိုးဖေါက်မှုအဖြစ် အမျိုးသမီးအဖွဲ့တွေ ကြေညာ
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့အိမ်ထောင်ပြု တာကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ အမျိုးစောင့်ဥပဒေဆိုတာဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအပိုဒ် (၁၆) မှာ ဖေါ်ပြထားတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ် ထိမ်းမြားခွင့်ရှိတယ်ဆိုတဲ့အချက်ကို ချိုးဖောက်တာဖြစ်တယ် လို့ အမျိုးသမီးအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2013-06-17 -
-
-
Your browser doesn’t support HTML5 audio
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ အမျိုးစောင့်ဥပဒေဆိုတာဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၁၆) မှာ ဖေါ်ပြထားတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရှိတယ်ဆိုတဲ့အချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ Rainfall အမည်ရှိတဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း တည်ထောင်သူ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ဇင်မာအောင်က အခုလိုပြောပါတယ်။
"ဗုဒ္ဓဘာသာ အမျိုးသမီးတွေပေါ့နော်၊ ဘာသာခြားနဲ့ လက်ထပ်ခွင့်ကို ထိန်းချုပ်မယ့်ဟာမျိုး၊ လက်ထပ်မယ်ဆိုလို့ရှိရင်လည်း ခွင့်ပြုချက်တွေ အဆင့်ဆင့်ယူပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ဆိုပြီးတော့လေ အဲဒီဥပေဒတင်သွင်းဖို့ ဘုန်းကြီးတို့ကြိုးစားနေတယ်၊ အထက်ဗမာပြည်အတွက်ကို ဆရာတော် ဦးဝီရသူကနေပြီးတော့ တာဝန်ယူပြီးတော့ ဒီဥပဒေကြမ်းတင်သွင်းဖို့ လုပ်နေပါတယ်ဆိုပြီးတော့၊ အဲဒီဥပဒေကြမ်းကို အမျိုးစောင့်ဥဒေမူကြမ်းလို့ ခေါ်ဆိုထားတယ်ပေါ့နော် အဲဒါကိုကြားလိုက်လို့၊ အဲဒါကို ကျမတို့အမျိုးသမီးအဖွဲ့နေပြီးတော့ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ကြည့် လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ မြင်တယ်လေ"
ဒီသဘောထား ကြေညာချက်ကို ဒေါ်ဇင်မာအောင်တို့ရဲ့ RAINFALL အဖွဲ့နဲ့အတူ၊ အခရာ အမျိုးသမီးအဖွဲ့၊ KWEG ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်တီးအိမ်အဖွဲ့၊ ၈၈ မျိုးဆက်(အမျိုးသမီးအဖွဲ့)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ-က-သ)၊ Colorful Girlsနဲ့ Triangle Women Support Group ဆိုတဲ့ အမျိုးသမီးအဖွဲ့တွေက ပူးတွဲထုတ်ပြန်လိုက်တာပါ။
အဲဒီ အမျိုးစောင့်ဥပဒေ ဆိုတာကို မန္တလေးမြို့၊ မစိုးရိမ်တိုက်က ဆရာတော် အရှင်ဝီရသူက ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းရွာက ဓမ္မဒူတ ဇေတဝန်တောရ အရှင်ဆေကိန္ဒာရာမကျောင်းမှာ မြန်မာနိုင်ငံက ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေ အဆုံးသတ်ချုပ်ငြိမ်းရေးအတွက်ဆိုပြီး ကျင်းပခဲ့တဲ့ သံဃာ့အစည်းအဝေးမှာ တင်သွင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာတော် အရှင်ဝီရသူကို တနင်္လာနေ့မနက်ပိုင်းက လျှောက်ထားမေးမြန်းခဲ့ရာမှာ မိမိအနေနဲ့ အဲဒီလို တင်သွင်းခဲ့ခြင်းလုံးဝမရှိကြောင်းနဲ့ အထက်မြန်မာပြည်အတွက် ပြည်သူတွေထံက လက်မှတ်ကောက်ယူရေးကို တာဝန်ယူခဲ့ခြင်းသာဖြစ်ကြောာင်း RFA ကို မိန့်ကြားပါတယ်။ အရှင်ဝီရသူနဲ့ ဦးခင်မောင်စိုး ဆက်သွယ်လျှောက်ထားချက် အပြည့်အစုံကိုနားဆင်ပါ။
နိုင်ငံရေးအကျဉ်းသူဟောင်းလဲဖြစ်၊ အမေရိကန် ပြည်ထောင်စုက ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆု ရထားသူတစ်ဦးလဲဖြစ်တဲ့ မဇင်မာအောင်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။