အရှင် ဝီရသူ ဖေ့စ်ဘွတ်အပိတ်ခံရ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ကမ္ဘာကျော် facebook ဟာ သူ့လူမှုကွန်ရက်ပေါ် တင်လာတဲ့ စာတွေ ရုပ်သံတွေကို စိစစ်သန့်စင်နေချိန်မှာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး - မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူရဲ့ facebook လူမှုကွန်ရက် အပိတ်ခံလိုက်ရပါတယ်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး- မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူ ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ကမ္ဘာကျော် facebook ဟာ သူ့လူမှုကွန်ရက်ပေါ် တင်လာတဲ့ စာတွေ ရုပ်သံတွေကို စိစစ်သန့်စင်နေချိန်မှာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး- မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူရဲ့ facebook လူမှုကွန်ရက် အပိတ်ခံလိုက်ရပါတယ်။

၂၀၁၆ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ facebook ကနေ သတင်းမှားတွေ တင်နိင်ဖို့ ရုရှားအုပ်စုတွေ က ဝင်နှောင့်ယှက်တာကို ဖော်ထုတ်နိုင်တဲ့နောက် ဒီလူမှုကွန်ရက်မှာ သတင်းမှားတွေ မတင်နိုင်အောင် facebook က စိစစ်တာဖြစ်ပေမယ့် အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ လုပ်ထားတဲ့ facebook လူမှုကွန်ရက် အပိတ်ခံရတဲ့ အကြောင်း ဦးဝီရသူက youtube ကနေ မျိုးချစ်ပုဂ္ဂိုလ်တွေကို အသိပေးရင်း ဝီရသူဆိုတာ အနိုင်ကျင့်ခံ ရဟန်းတော်တစ်ပါးပါလို့ ဟောပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက facebook ရုံးချုပ်ကို လက်မှတ်ရေးထိုး တိုင်ကြားသူတွေ ရှိတဲ့အကြောင်း၊ အမျိုးမျိုး အဖုံဖုံလည်း စွပ်စွဲခံရတဲ့အကြောင်းလည်း youtube ကနေ ဦးဝီရသူက ဟောပြောပါတယ်။

facebook လူမှုကွန်ရက်ဟာ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ မိသားစုချင်း၊ မိတ်ဆွေချင်း ဆက်သွယ်နိုင်ဖို့ ဦးစားပေးမှာဖြစ်ပြီး မလိုလားအပ်တဲ့ စာတွေ၊ ရုပ်သံတွေ၊ သတင်းမှားတွေကို စိစစ်တယ်လို့ အသိပေးပြောကြားထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း သတင်းမှားတွေဟာ မာန်နတ်နဲ့တူပြီး ဒီနေ့ခေတ်မှာ သတင်းမှားတွေကို ဖြန့်နိုင်အောင်နည်းပညာက ပံ့ပိုးကူညီနေတယ်လို့ ဒီလ ၂၄ ရက်နေ့က မိန့်ပါတယ်။

သီးခြားရည်မှန်းချက်တွေ၊ နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ စီးပွားရေး အကျိုးစီးပွားတွေအတွက် သတင်းမှားဖြန့်နိုင်တယ် လို့လည်း သတိပေးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org