ရခိုင်မှာ အင်တာနက်ရဖို့ တောင်းဆိုခဲ့တဲ့ကျောင်းသား ထောင်နှစ်နှစ်ကျော် ချမှတ်ခံရ

ရခိုင်ပြည်နယ်မှာ အင်တာနက် အပြည့်အဝရဖို့ တောင်းဆိုလှုပ်ရှားခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဝေယံဖြိုးမိုးကို ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ တစ်လ ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို တွေ့ရစဉ် Photo: All Burma Federation of Student Unions

ရခိုင်ပြည်နယ်မှာ အင်တာနက် အပြည့်အဝရဖို့ တောင်းဆိုလှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဝေယံဖြိုးမိုးကို ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ တစ်လ ချမှတ်လိုက်တယ် လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ ကိုဝေယံဖြိုးမိုးကို အင်စိန်ထောင်တွင်း အထူးတရားရုံးကနေ အာဏာ မသိမ်းခင်က လှုပ်ရှားမှုအတွက် ပုဒ်မ နှစ်ခုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ချမှတ်လိုက်တာပါ။

အချိန် ကိုးလကြာ ဖမ်းဆီးခံထားရတဲ့ ကိုဝေယံဖြိုးမိုးကို ငြိမ်းစုစီ ဥပဒေပုဒ်မ- ၁၉ အတွက် တစ်လ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အတွက် နှစ်နှစ် ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ် (ဗကသ) ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ တပ်မတော် အကြည်ညိုပျက်စေမှုလို့ ခေါ်ကြတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ပါ တရားစွဲဆိုခံထားရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကိုဝေယံဖြိုးမိုးဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က သပိတ်ဖြိုခွင်းရင်း ဖမ်းဆီးခံခဲ့ရပြီးအချိန် ကိုးလအကြာမှာ အမိန့်ချခံရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org