အစိုးရနဲ့ ပြည်ပ အကူအညီ လိုအပ်နေပြီလို့ ဝေဠုကျော် ပြော

ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်တွေမှာ ရေလွှမ်း မိုးတာအပြင် မြေပြိုကျတာကြောင့် ရွာလုံး ကျွတ်ပျောက်သွားတဲ့ ကျေးရွာတွေ ရှိနေကြောင်းနဲ့ လက်ရှိ အခြေအနေဟာ အစိုးရနဲ့ နိုင်ငံတကာ အကူအညီပါ လိုအပ်နေကြောင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေလက်ခံနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းက ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော်ကို တွေ့ရစဉ် Photo: Htet Arker/ RFA

ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်တွေမှာ ရေလွှမ်းမိုးတာအပြင် မြေပြိုကျတာကြောင့် ရွာလုံးကျွတ်ပျောက်သွားတဲ့ ကျေးရွာတွေ ရှိနေ ကြောင်းနဲ့ လက်ရှိအခြေအနေဟာ အစိုးရနဲ့ နိုင်ငံတကာ အကူအညီပါ လိုအပ်နေ ကြောင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်းက သူတို့တွေ့ကြုံရတဲ့ အခြေအနေနဲ့ ဖေါင်ဒေးရှင်းရဲ့ လုပ်ငန်းတွေကို ရှင်းပြတဲ့ သတင်းစာရှင်း လင်းပွဲမှာ ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော် က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့လျာထားချက်ကတော့ ကျနော်တို့နဲ့ဘဲမပြီးပါဘူးခင်ဗျ၊ နိုင်ငံတော်ရဲ့ အကူအညီ၊ နိုင်ငံတကာရဲ့အကူအညီ မပါဘဲနဲ့ ကျနော်တို့လုပ်လို့ရမှာမဟုတ်ပါဘူး၊ ကျနော်တို့ဆီမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအကုန်လုံး၊ ပရဟိတ အသင်းတွေ အကုန်လုံးပူးပေါင်းပြီးလုပ်ရမှာဖြစ်ပါတယ်၊ ကျနော်မှာရှိတဲ့ရန်ပုံငွေကို ကျနော် ကိုယ်တိုင် သိန်း တစ်ထောင်ပြည့်အောင်ဖြည့်မှာပါ၊ အခု ကျနော် ၅၀၀ ထည့်ထားပြီးပါပြီ၊ နောက်ထပ် ၅၀၀ လည်းထပ်ထည့်မှာပါ၊ ဒီမှာရှိတဲ့ ရန်ပုံငွေတွေရယ်၊ ကျနော်ဆီကို လှူထားတာတွေရယ်ကိုပေါင်းပြီး ဒေသဖွံ့ဖြိုးရေးရယ်၊ ပြည်လည် ထူထောင်ရေးထိ ကျနော်ကြိုးစားပြီးလုပ်သွားပါ့မယ်၊ ရန်ပုံငွေရှာဖွေရေးကိုတော့ ကျနော်သီးသည့်ရှာမှာ မဟုတ်ပါဘူး၊ ကျနော်စီးပွားရေးလုပ်ငန်းတွေလုပ်ပြီးတော့ ရလာတဲ့အမြတ်အစွန်းတွေ ကို ကျနော်ရဲ့ဖောင်ဒေးရှင်းထဲကိုထည့်ပြီး ကျနော်ဖောင်ဒေးရှင်းကို ရာသက်ပန်တည်မြဲ ရေးတွက် ကျနော်ကြိုးစားသွားမှာပါ"

ဝေဠုကျော်ဖောင်ဒေးရှင်းဟာ ကိုးကန့်ဒေသစစ်ဘေးဒုက္ခသည်တွေကို ကူညီတာကနေ ရေဘေးဖြစ်လာတဲ့အခါမှာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေဖက်မှာ စတင်ကူညီခဲ့တာဖြစ်ပြီး ရေရှည်ကူညီနိုင်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်းကနေ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအနံ့ှ က ရေဘေးသင့်ပြည် သူတွေကို အဖွဲ့ခွဲ ၂၀ နဲ့ သွားရောက်ကူညီနေတာ ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်  ကိုဝေဠုကျော်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org