The Voice ကိုတရားစွဲထားတဲ့အမှုကို သတ္တုတွင်းဝန်ကြီးဌာနက ရုတ်သိမ်းရန် စီစဉ်

သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့အမှုကို သတ္တုတွင်း ဝန်ကြီးဌာနက ပြန်လည်ရုတ်သိမ်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly Journal မျက်နှာဖုံးအားတွေ့ရစဉ်။ RFA

ပြီးခဲ့တဲ့၂၀၁၂နှစ် မတ်လ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃ မှာ ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ ဆိုတဲ့သတင်း ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်လို့ သတ္တုတွင်း ဝန်ကြီးဌာနက ဂျာနယ် ကို တရားစွဲဆိုခဲ့ပါတယ်။

The Voice ဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာချုပ် နဲ့ သတင်းရေးသား သူတွေကို မဟုတ်မမှန် စွပ်စွဲရေးသားမှု နဲ့ အရေးယူပေးဖို့ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို က တရားလိုအဖြစ်နဲ့ ဒဂုံမြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ တာဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန နဲ့ The Voice ဂျာနယ် အမှု ကို စစ်ဆေးနေခဲ့တဲ့ရုံးချိန်းပေါင်း   ယနေ့အချိန်ထိ(၂၃) ကြိမ် ရှိပြီ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ (၁၇) ရက်နေ့ ရုံးချိန်းမှာတော့ သတ္တုတွင်း ဝန်ကြီးဌာနဘက်က တရားစွဲဆိုမှု ပြန်လည်ရုတ်သိမ်းဖို့ ကိစ္စ အဖြေထွက်မယ် လို့ သိရပါတယ်။

သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ် အပေါ် တရားစွဲဆိုထားကို ပြန်လည်ရုပ်သိမ်း တော့ မယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org