ဧရာဝတီတိုင်းလွှတ်တော်အတွက် ကားဝယ်ယူမှု NLD ပါတီ ခေါ်ယူ စစ်ဆေး
ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ သုံးမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတဲ့ အတွက် အထူးအဖွဲ့ ဖွဲ့ပြီး ဧရာဝတီတိုင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌကို စစ်ဆေးနေတယ်လို့ NLD ပါတီဗဟိုက ပြောပါတယ်။
-
2018-12-29 -
-
-
Your browser doesn’t support HTML5 audio
ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ သုံးမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတဲ့အတွက် အထူးအဖွဲ့ ဖွဲ့ပြီး ဧရာဝတီတိုင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌကို စစ်ဆေးနေတယ်လို့ NLD ပါတီဗဟိုက ပြောပါတယ်။
စစ်ဆေးပေါ်ပေါက်လာတဲ့အပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစံမင်းအောင် ကို ဒီဇင်ဘာ ၁၈ ရက်နေ့က ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လွှတ်တော်ရုံးမှာ အသုံးပြုဖို့အတွက် ကားဝယ်ယူခဲ့တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရတာလည်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းလွှတ်တော်အတွက် ကားဝယ်ယူမှု NLD ပါတီခေါ်ယူစစ်ဆေး
ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ သုံးမယ့်ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတဲ့အတွက် အထူးအဖွဲ့ ဖွဲ့ပြီး ဧရာဝတီတိုင်းလွှတ်တော်ဒုတိယဥက္ကဌကို စစ်ဆေးနေတယ်လို့ NLD ပါတီဗဟိုက ပြောပါတယ်။
စစ်ဆေးပေါ်ပေါက်လာတဲ့အပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းလွှတ်တော်ဒုတိယဥက္ကဌ ဦးစံမင်းအောင် ကို ဒီဇင်ဘာ ၁၈ ရက်နေ့က ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လွှတ်တော်ရုံးမှာ အသုံးပြုဖို့အတွက် ကားဝယ်ယူခဲ့တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရတာလည်း ဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ အသုံးပြုဖို့အတွက် ကား ၅ စီးကို တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ အစုအဖွဲ့က ဝယ်ယူခဲ့တာနဲ့ပတ်သက်ပြီး တိုင်ကြားခံရတာလို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီကို တိုင်ကြားလာတဲ့အတွက် စစ်ဆေးနေတာဖြစ်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က အခုလို ပြောပါတယ်။
"တိုင်ကြားမှုရှိတဲ့အတွက် စစ်ဆေးနေပါတယ်၊ စစ်ဆေးနေတုန်းပါပဲ"
ဘတ်ဂျတ်ချပေးတဲ့ငွေနဲ့ ဝယ်ယူခဲ့တာသာဖြစ်ကြောင်း ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
"ဘတ်ဂျတ်အတိုင်းအတာနဲ့ မဆိုင်ဘူး၊ ဘတ်ဂျတ်က ဘာပြဿနာမှမရှိဘူး၊ သူပေးတဲ့ငွေနဲ့ ဝယ်တာပါပဲ၊ လိုက်ထရပ်တစ်စီး၊ အံစာတုံး ၃ စီး၊ တိုယိုတာ ရီဘိုတစ်စီး ဝယ်တာပါ"
အဲဒီကားတွေဝယ်ယူခဲ့တဲ့ အစုအဖွဲ့ခေါင်းဆောင် တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် ကို ဒီဇင်ဘာ ၁၈ ရက်နေ့က NLD ပါတီဗဟိုက ခေါ်ယူမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အစစ်ဆေးခံရတဲ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစံမင်းအောင်က ဘဏ္ဍာရေး စည်းမျည်း၊ စည်းကမ်းနဲ့အညီ လုပ်ခဲ့တာသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"တိုင်စာလည်း မသိရတော့ တိုင်စာထဲမှာဘာပါလည်း မသိရဘူးခင်ဗျ၊ ပါတီအနေနဲ့ ခေါ်ယူမေးမြန်းတာတော့ ရှိပါတယ်၊ ၃ ယောက်ပါတဲ့အဖွဲ့က စစ်တာပါ၊ ကားဝယ်ယူဖို့က ဘဏ္ဍာရေးစည်းမျည်း၊ စည်းကမ်းနဲ့အညီ လုပ်ခဲ့တာပါ"
အထူးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ်မူတည်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်တွေက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
"ပါတီစည်းကမ်းအရ အရေးယူရမှာလား၊ ငွေရေး ကြေးရေးနဲ့ပတ်သက်ရင် အဂတိလိုက်စားမှုပို့ရမှာလား၊ အပြစ်မရှိရင် အရေးမယူဘဲနေရမလား၊ ဒါကတော့ အထူးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ်မူတည်ပြီးမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရမှာပါ"
အဲဒီကားတွေ ဝယ်ယူတဲ့အစုအဖွဲ့ထဲမှာ တိုင်းလွှတ်တော် ကိုယ်စားလှယ်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌကို ဒီဇင်ဘာ ၁၈ ရက်နေ့က တစ်ကြိမ်သာ ခေါ်ယူမေးမြန်းခဲ့ပြီး ကားဝယ်တဲ့အစုအဖွဲ့မှာပါတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ မနေ့ကအထိ ခေါ်ယူမေးမြန်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရကြောင်း ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။