ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မနေ့က ကျင်းပတဲ့ သံဃာတော်များ ညီလာခံ မှာ မြန်မာနိုင်ငံ မစိုးရိမ်တိုက်သစ်က အရှင် ဝီရသူက အစွန်းရောက် ဂျီဟတ် မွတ်စလင်တိုက်ဖျက်ရေးမှာ သီရိလင်္ကာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့ အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ မိန့်ကြားခဲ့ကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ဆရာတော် ဦးဝီရသူကို ဇွန်လ ၁၃ ရက်နေ့ကတွေ့ရစဉ် photo: AFP

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မနေ့ကကျင်းပတဲ့ သံဃာတော်များ ညီလာခံမှာ မြန်မာနိုင်ငံ မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူက အစွန်းရောက် ဂျီဟတ် မွတ်စလင်တိုက်ဖျက်ရေးမှာ သီရိလင်္ကာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့အတူ လက်တွဲဆောင် ရွက်သွားမယ်လို့ မိန့်ကြားခဲ့ကြောင်း AP သတင်းက ဖေါ်ပြ ပါတယ်။

ညီလာခံတက်ရောက်လာကြတဲ့ သီရိလင်္ကာ ရဟန်း ပရိသတ်နဲ့ လူပရိသတ်တွေကို မိန့်ကြားခဲ့တာဖြစ် ပါတယ်။

မိမိရဲ့ မဘသ ခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အာရှတိုက်မှာ ဗုဒ္ဓသာသနာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘောဓု ဗလ သေန ခေါ် သီရိလင်္ကာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ထောက်ခံကူညီသွားမှာဖြစ်ကြောင်း၊ ဒီကနေ့မှာ ဗုဒ္ဓဘာသာဟာ အစ္စလာမ် အစွန်းရောက် ဂျီဟတ်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သည်းခံခြင်းတရားကို အားနည်းချက်အဖြစ် ရှုမြင်နေကြကြောင်း၊ ဗုဒ္ဓဘာသာစေတီပုထိုးတွေ ဖျက်ဆီးခံနေရကြောင်း မိန့်ကြားခဲ့ပါတယ်။
ဒီညီလာခံကို သီရိလင်္ကာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ Bodu Bala Sena (BBS) အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ခေါင်းဆောင် အရှင် ဝိမာလယောသိကလည်း သိရိလင်္ကာဟာ ယဉ်ကျေးမှုအစုံရှိတဲ့ နိုင်ငံမဟုတ်ဘဲ၊ ဆင်ဟာလီ ဗုဒ္ဓဘာသာ တိုင်းပြည်သာဖြစ်ကြောင်း၊ သီရိလာၤာသမ္မတအနေနဲ့ မိမိတို့အဖွဲ့ တောင်းဆိုထားတဲ့ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အပြောင်းအလဲတွေချမှတ်ဖို့ ပျက်ကွက်မယ်ဆိုရင် အစိုးရပြုတ်ကျအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေဖြစ်စေတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံနေရတဲ့ ဦးဝီရသူကို ပင့်ဖိတ်ခဲ့တာနဲ့ ပတ်သက်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သလို အစိုးရက ပြည်ဝင်ခွင့်ဗီဇာပေးလိုက်တာဟာ ပြည်တွင်းမှာ ဘာသာနှစ်ရပ်ကြား ရင်ကြားစေ့ရေးထိခိုက်စေနိုင်ကြောင်း တမီးလ်အမျိုးသားမဟာမန်အဖွဲ့က ပြောပါတယ်။

ဦးဝီရသူဟာ စက်တင်ဘာ ၂၆ ရက်နေ့က သီရိလင်္ကာကို ရောက်ရှိခဲ့ပြီး၊ ၄ ရက်ကြာ သီတင်းသုံးမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org