ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ဆိုးရွား
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဝိတိုရိယဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံနေရပါတယ်။
-
2014-03-29 -

ရန်ကုန်ဆေးရုံကြီးမှာ လက်ရှိဆေးကုနေတဲ့ အခြေအနေကို မိသားစုဝင်တစ်ဦးဖြစ်သူ မယဉ်ယဉ်ထွန်းက ပြောပါတယ်။
"မနေ့က အဆုတ်က attack ရတဲ့သဘောပေါ့၊ အခုကတော့ မေ့ဆေးတွေဘာတွေ ပေးထား ပြီးတော့ အသက်ရှုတဲ့ပိုက်တွေထည့်ပြီး ဘဘသက်သာအောင် လုပ်ပေးထားတာပေါ့"
ဦးဝင်းတင်ဟာ မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ်မှာရှိတဲ့ Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပြီး ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့တင်လိုက် တာဖြစ်ပါတယ်။
ဆရာဦးဝင်းတင်ဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပြီး ထောင်တွင်းမှာရရှိခဲ့တဲ့ ရောဂါဝေဒနာတွေကြောင့် ထောင်က ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ မကြာခဏ ဆေးကုသမှုခံယူခဲ့ရပါတယ်။