ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောက်ပံ့ငွေ ပေးအပ်
ရိုက်တာ သတင်းထောက် ၂ ဦးနဲ့ ဒုရဲအုပ် မိုးရန်နိုင်တို့ကို ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဒီနေ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
-
2018-09-12 -
-
-
ရိုက်တာ သတင်းထောက် ၂ ဦးနဲ့ ဒုရဲအုပ် မိုးရန်နိုင်တို့ကို ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်းက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဒီနေ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ ၃၄ ကြိမ်မြောက် ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေရှင်းရဲ့ နိုင်ငံရေးအကျဉ်းသား ထောက်ပံ့ပွဲအခမ်းနားမှာ ရိုက်တာ သတင်းထောက် ၂ ဦး ဖြစ်တဲ့ ကိုဝလုံး၊ ကိုကျော်စိုးဦးနဲ့ ဒုရဲအုပ် မိုးရန်နိုင် တို့ကို နှစ်သိန်းစီ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ရိုက်တာ သတင်းထောက် ၂ ဦးရဲ့ ကိုယ်စား ထောက်ပံ့ငွေကို သူတို့ရဲ့ ဇနီးတွေက တက်ရောက်ယူခဲ့ပြီး ဒုရဲအုပ် မိုးရန်နိုင်အတွက် ထောက်ပံ့ငွေကိုတော့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့က ဦးထွန်းကြည်က ကိုယ်စားရယူခဲ့ပါတယ်။
ဒီပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ ဘဝတူ စာနယ်ဇင်းသမား ၆ ဦးကို ငွေကျပ် ၂ သိန်းကျပ်စီ၊ NLD လူငယ် ဘုံရိပ်သာ (ရန်ကုန်) ကို ငွေကျပ် ၃ သိန်းနဲ့ စုစုပေါင်း ငွေကျပ် ၂၁ သိန်း ပေးအပ်ခဲ့ပါတယ်။
ရိုက်တာ သတင်းထောက် ၂ ဦးက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ မကြာသေးခင်က ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံရသလို အဲဒီအမှုမှာ တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲအုပ် မိုးရန်နိုင် ဟာလည်း ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၄၇ ဦးအတွက် ငွေကျပ်သိန်း ၂ ထောင် ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။