ဗုဒ္ဓဘာသာ ရဟန်းတော်များ ညီလာခံ တက်ရောက်ရန် ဦးဝီရသူ သီရိလင်္ကာရောက်ရှိ

သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ သံဃာတော်များညီလာခံကို တက်ရောက် ဖို့ မြန်မာနိုင်ငံ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ကိုရောက်ရှိနေတယ်လို့ ဒီကနေ့ ထုတ် Sunday Times သတင်းစာကရေးပါတယ်။

ဆရာတော် ဦးဝီရသူကို ဇွန်လ ၁၃ ရက်နေ့ကတွေ့ရစဉ် photo: AFP

သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ သံဃာတော် များညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံ မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ကိုရောက်ရှိနေတယ်လို့ ဒီကနေ့ ထုတ် Sunday Times သတင်းစာကရေးပါတယ်။

ဦးဝီရသူဟာ စက်တင်ဘာ ၂၆ ရက်နေ့က သီရိလင်္ကာ ကိုရောက်ရှိတာဖြစ်ပြီး ၄ ရက်ကြာနေထိုင်မယ်လို့ သိရ ပါတယ်။ ဒီညီလာခံကို သီရိလင်္ကာ အမျိုးဘာသာသာ သနာစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ Bodu Bala Sena (BBS) အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

BBS အဖွဲ့က ဦးဆောင်သူ Dilantha က ဒီညီလာခံမှာ သီရိလင်္ကာနိုင်ငံအနေနဲ့ ဆင်းဟာလီအမျိုးသား ဗုဒ္ဓဘာသာနိုင်ငံတော်တည်ထောင်ရေး မူဝါဒရေးဆွဲဖို့ အစီစဉ်လည်းပါမယ်လို့ သီရိလင်္ကာထုတ် Nation သတင်းစာကို ဒီကနေ့ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေဖြစ်စေတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်နေတယ်လို့ စွပ်စွဲခံနေရတဲ့ အမျိုးသား ဘာသာသာသနာအဖွဲ့က ဆရာတော်ဦးဝီရသူကို သီရိလင်္ကာကို ပင့်ဖိတ်ခဲ့တာနဲ့ ပတ်သက်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org