လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်သဘောတူ
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ကော်မရှင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို အဆိုပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားကို ဒီနေ့ တင်ပြတောင်းခံလိုက်ပါတယ်။
-
2014-02-21 -
-
-
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ကော်မရှင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို အဆိုပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားကို ဒီနေ့ တင်ပြတောင်းခံလိုက်ပါတယ်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဥက္ကဌအဖြစ် ဦးမြဝင်း (စစ်မှုထမ်း အငြိမ်းစား) နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ကို လျာထားကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတ အဆိုပြုထားတဲ့ ကော်မရှင်ဥက္ကဌနဲ့ အတွင်းရေးမှူးတို့နဲ့ ပတ်သက်ပြီး အရည်အချင်း မပြည့်စုံကြောင်း သက်သေအထောက်အထားပြနိုင်ရင် ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ဒီနေ့ ပြောကြားခဲ့ပါတယ်။
"နိုင်ငံတော်သမ္မတထံမှ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းရန် အတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ရန် နိုင်ငံတော်သမ္မတရုံး ၏ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့လာသည့် စာမိတ္တူများကို ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်ပါသည်၊ နိုင်ငံတော်သမ္မတက အဆိုပြုထားတဲ့ ပုဂ္ဂိုလ်များသည် သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ မပြည့်စုံကြောင်းကို သက်သေအထောက်အထားပြပြီး ကန့်ကွက်လိုသူရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်း ပေးပို့နိုင်ကြောင်း ကြေညာပါတယ်"
ပြီ်းခဲ့တဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လက ပြဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကိုဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဌ နှစ်ဦးက ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်တွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပါတယ်။