ပြဿနာတွေဖြေရှင်းဖို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ကို သူရဦးရွှေမန်းတိုက်တွန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းအတွင်းက လယ်သမားတွေ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ ပြဿနာတွေအပြင် ရေလုပ် သားတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ထားဝယ် မြို့ ရွှေဝယ်သီရိအားကစားကွင်းမှာကျင်းပတဲ့ တောင်သူ လယ်သမားရေးရာတွေ့ဆုံပွဲမှာ ဇန်နဝါရီလ ၂ ရက်နေ့ က တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းအတွင်း က လယ်သမားတွေ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ ပြဿနာတွေအပြင် ရေလုပ်သားတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။

ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကျင်းပတဲ့ တောင်သူ လယ်သမားရေးရာတွေ့ဆုံ ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုင်းဒေသကြီးအစိုးရကို တိုက်တွန်း ခဲ့တာဖြစ် တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

တောင်သူလယ်သမားတွေနဲ့ ရေလုပ်သားတွေရဲ့ ဘဝမြှင့်တင်ရေးကိုလည်း ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း လည်း သူရဦးရွှေမန်းက ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်နဲ့ မြိတ်ခရိုင်တို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ဒေသခံတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org