လွှတ်တော်နာယကဖြုတ်ချရေး လက်မှတ်ကောက်ခံဖို့ USDP ပြင်ဆင်

ပြည်ထောင်စုလွှတ်တော် နာယကတွေကို ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံရဲ့ လက်မှတ်တွေကောက်ခံပြီး ဥပဒေ၊ နည်းဥပဒေနဲ့အညီ လွှတ်တော်ကို အဆိုတင်သွင်းသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ပြောကြားလိုက်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကို တွေ့ရစဉ် Photo: Khaymani Win/RFA
ပြည်ထောင်စုလွှတ်တော် နာယကတွေကို ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော် ကိုယ်စားလှယ် ၄ ပုံ ၁ ပုံရဲ့ လက်မှတ်တွေကောက်ခံပြီး ဥပဒေ၊ နည်းဥပဒေနဲ့အညီ လွှတ်တော်ကို အဆိုတင်သွင်း သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဒုတိယအကြိမ်မြောက် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေနဲ့အညီ ဆက်လက်မဆောင်ရွက်တာကြောင့် အခုလို လွှတ်တော် နာယကကို ဖြုတ်ချဖို့ စီစဉ်နေတာဖြစ်ကြောင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က RFA ကို ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ ကြံခိုင်ရေးပါတီက မူကြမ်းတင်ထားတာဖြစ်ပြီး အဲဒီမူကြမ်းကို သီးခြားမဆွေးနွေးဘဲ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှဲအပ်မယ်ဆိုတဲ့ အခြေအနေလည်းရှိနေပါတယ်။

USDP ပါတီရဲ့ မူကြမ်းကို အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှဲပြောင်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်မယ်ဆိုရင် လွှတ်တော်နာယကကို ဖြုတ်ချရေး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်တွေ ကောက်ခံသွားမယ်လို့လည်း ဦးသိန်းထွန်းဦး က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org