နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကြောင့် ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ မြန်မာမျှော်လင့်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်ကြောင့် အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။
-
2011-11-22 -
-
-
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံသို့ တက်ရောက် ခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ရစဉ်
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံအတွင်း အာရ်အက်ဖ်အေက သီးသန့်တွေ့ဆုံ မေးမြန်းရာမှာ မြန်မာ အစိုးရ အဖွဲ့အနေနဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဘာလ ီကြေညာချက်မှာ ပြောကြားတဲ့အတိုင်း မြန်မာနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီး စေလွှတ်မှာကို ကြိုဆိုကြောင်း ဦးဝဏ္ဏမောင်လွင်က အခုလို ပြောဆိုလိုက်တာပါ။
ဒီတွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆက်ဆံရေးကနေ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွေကို လေ့လာပြီး ၂ နိုင်ငံအကြား နားလည်မှု တိုးလာရင် ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှာ ဖြစ်သလို မြန်မာအစိုးရကလည်း ဒီလို ဆက်ဆံရေးကို ကြိုဆိုမှာဖြစ်ကြောင်း၊ အမေရိကန်ဘက်က အရေးယူ ဆောင်ရွက် ထားတာတွေကိုလည်း တဖြည်းဖြည်းချင်း ဖြေလျော့ လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံထိပ်သီးညီလာခံကာလအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အာရ်အက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုး သီးသန့် တွေ့ဆုံ မေးမြန်းထားတာကို တစ်ဆက်တည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |