UPDJC လုပ်ငန်းအဖွဲ့အစည်းအဝေး နိုဝင်ဘာလဆန်းပိုင်း ကျင်းပမည်

နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်တာတွေ လုပ်ဆောင်မယ့် UPDJC လုပ်ငန်း အဖွဲ့အစည်းအဝေးကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကကျင်းပစဉ် Photo: Hla Maung Shwe Facebook

နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်တာတွေ လုပ်ဆောင်မယ့် UPDJC လုပ်ငန်းအဖွဲ့ အစည်းအဝေးကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။

အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ၃ ရက်ကြာကျင်းပသွားမှာဖြစ်ပြီး ရရှိလာတဲ့ အချက်အလက်တွေကို UPDJC အစည်းအဝေးမှာ ပြန်လည်တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

UPDJC လုပ်ငန်းအဖွဲ့အစည်းအဝေးကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီကကိုယ်စားလှယ် အစုအဖွဲ့က ကိုယ်စားလှယ် ၁၀ ဦးစီ တက်ရောက်မယ်လို့ သိရပါတယ်။

အစည်းအဝေး ဖိတ်စာတော့ မရောက်သေးပေမယ့် အစုအဖွဲ့အားလုံးက ကိုယ်စားလှယ်တွေ တက်ရောက်ဖို့  ဆက်သွယ်ညှိနှိုင်းသဘောတူထားပြီးဖြစ်ကြောင်းလည်း UPDJC အဖွဲ့ဝင်တွေက ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်မယ့် အစုအဖွဲ့တွေဟာ လုပ်ငန်းလိုအပ်ချက်အရ UPDJC က ဖွဲ့စည်းပေးထားတဲ့လုပ်ငန်းအဖွဲ့ဖြစ်ပါတယ်။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org