၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးကိစ္စတွေကို အလေးထားဆွေးနွေးမည်

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးကိစ္စတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ခွဲမထွက်ခွင့်ကိစ္စတွေကို အလေးထားဆွေးနွေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂၀၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့ကကျင်းပတဲ့ UPDJC အစည်းအဝေးကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးကိစ္စတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ခွဲမထွက်ခွင့်ကိစ္စတွေကို အလေးထားဆွေးနွေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

ဒီနေ့ နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးအပြီးမှာ ဦးဇော်ဌေးက ပြောခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ပင်လုံညီလာခံကို ဒီနှစ်အတွင်းမှာကျင်းပနိုင်အောင် ဦးတည်ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။  

ဒါ့အပြင် လုံခြုံရေးကဏ္ဍဆွေးနွေးစဉ်က ပြေလည်မှုမရခဲ့တဲ့ တစ်ခုတည်းသော တပ်မတော်၊ ပြည်ထောင်စု တပ်မတော်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်၊ အစိုးရနဲ့ တပ်မတော်ကြား အလွတ်သဘောဆွေးနွေး မှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ဆက်လက်ကြိုးပမ်း သွားဖို့လည်း UPDJC အစည်းအဝေးမှာဆုံးဖြတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org