ကုလ UNODC အစီရင်ခံစာမှ ဖော်ပြချက် KIO ပယ်ချ

ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်တဲ့ ၂ဝ၁၈ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို စွပ်စွဲထားတာတွေပါရှိတာကြောင့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ KIO အဖွဲ့က UNODC ကို အိပ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပတဲ့ UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ ရှင်းလင်းပွဲကိုတွေ့ရစဉ်

ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC   က ထုတ်ပြန်တဲ့ ၂ဝ၁၈ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို စွပ်စွဲထားတာတွေပါရှိတာကြောင့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ KIO အဖွဲ့က UNODC ကို အိပ်ဖွင့်ပေးစာပေးပို့ လိုက်ပါတယ်။

UNODC အစီရင်ခံစာထဲကမြေပုံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသအဖြစ် မြစ်ကြီးနားမြို့အရှေ့ဘက် ဆဒုံးဒေသနဲ့ တနိုင်းဒေသဖြစ်တယ်လို့ ဖော်ပြထားပြီး  KIA နဲ့ BGF အခြေစိုက်နေရာများဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖော်ပြချက်အရ ဆဒုံးဒေသဟာ KIA ထိန်းချုပ် ဒေသမဟုတ်ဘဲ အစိုးရထိန်းချုပ်ရာ BGF နေရာဖြစ်တယ်ရေးသားထားပြီး ဘိန်းစိုက် ပမာဏ မြင့်မားတယ်ဆိုတဲ့ တနိုင်းဒေသဟာ မြန်မာ့တပ်မတော်နဲ့ ပြည်သူ့စစ်စခန်းများတည်ရှိရာ အနီးတဝိုက် မှာဖြစ်တယ်လို့ KIOက တုံ့ပြန်ထားပါတယ်။

ဒါ့အပြင်UNODC က အစိုးရဘက်ကို လိုက်ပြီး KIA ကို အခြေအမြစ်မရှိရေးထားတာဟာ ငြိမ်းချမ်းရေးကို အထောက်အကူမဖြစ်နိုင်လို့ ရေးသားထားပြီး အစီရင်ခံစာကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။

KIO ကပေးပို့ထားတဲ့ စာနဲ့ပတ်သက်ပြီး  UNODC ဘက်က ဘာတုံ့ပြန်ချက်မှ မပေးသေးဘူးလိုလည်း KIO အဖွဲ့က RFAကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org