နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းကျော် ရှိလာကြောင်း UNOCHA ပြော

လက်ရှိ နေရပ်ရွှေ့ပြောင်းရသူ ဒုက္ခသည်တွေဟာ မိုးရာသီအတွင်း ရာသီဥတုဒဏ်ခံနေရပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ နေရပ်ရွှေ့ပြောင်းရသူ ဒုက္ခသည်တွေဟာ မိုးရာသီအတွင်း ရာသီဥတုဒဏ်ခံနေရပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတစ်ဝန်း ပဋ္ဋိပက္ခတွေတိုးလာတာနဲ့အမျှ မြေမြှုပ်မိုင်းတွေ နေရာအနှံ့ရှိနေတာ၊ လက်နက်ကြီးနဲ့ရော လေကြောင်းကပါ တိုက်ခိုက်ခံရတာတွေကြောင့် ဒေသခံတွေ နေရပ်က တိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒုက္ခသည်တွေကို ကူညီနေသူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းတွေကို အကာအကွယ်ပေးနိုင်ရေး စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် မေလနှောင်းပိုင်းကစပြီး WFP အဖွဲ့ မောင်တောဘက်ကို ဝင်ထွက်သွားလာခွင့်မရတော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အရင်ကတည်းက လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ ကိစ္စရပ်တွေကို ပိုပြီးဆိုးဝါးစေတယ်လည်း ထောက်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org