ဖားကန့်က ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက် အသတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ပိ(ခ)ဦးတင်စိုး ကို မနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အမည်မသိ လက်နက် ကိုင်ဆောင်သူနှစ်ဦးက သေနတ်နဲ့ ရှစ်ချက်လောက် ပစ်သတ်သွားတယ်လို့ ဒေသခံ တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

ဖားကန့်မြို့နယ်၊ မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ပိ(ခ)ဦးတင်စိုး ပုံ Photo CJ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ပိ(ခ)ဦးတင်စိုး ကို မနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အမည်မသိ လက်နက်ကိုင်ဆောင်သူနှစ်ဦးက သေနတ်နဲ့ ရှစ်ချက်လောက် ပစ်သတ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

ဦးတင်စိုးဟာ အရင်နေ့တွေက တခြားနေရာမှာ သွားနေပြီး မနေ့က အစည်းအဝေးတဲ့အတွက် သူ့ရွာကိုပြန် လာတဲ့အကြောင်းနဲ့ အစည်းအဝေးအပြီး အပြင်ထွက်လိုက်တဲ့အချိန်မှာ အဲဒီအမည်မသိသူတွေ ကားတစ်စီးနဲ့ ရောက်လာပြီး ပစ်သတ်သွားတာလို့ ရွာသားတစ်ယောက်က ပြောပါတယ်။

သူ့ကို ဘာကြောင့်ပစ်သတ်သွားလဲ၊ ဘယ်သူ့လက်ချက်လဲဆိုတာကို RFA က အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုးဟာ အသက်(၅၄)နှစ်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ကို ငါးနှစ်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org