UNHCR မဟာမင်းကြီး ရခိုင်ကိုသွားမည်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမှာဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ကို တွေ့ရစဉ် Photo: Filippo Grandi (facebook)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမှာဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့တွေကို သွားရောက်မှာဖြစ် သလို ခရီးစဉ်အတွင်း မောင်တောမြို့ကိုလည်း သွားရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Mr. Filippo Grandi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီခရီးစဉ်ဟာ ဇူလိုင်လ ၆ ရက်နေ့အထိဖြစ်ပြီး မြန်မာနိုင်ငံက ကုလသမဂ္ဂအေဂျင်စီတွေ၊ သံတမန်တွေနဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org