အဲဒီတပ်ပေါင်းစုကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ United Nationalities Federal Council (UNFC) လို့အမည် ပေးထားပါတယ်။
(UNFC) တပ်ပေါင်းစုကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၅) ဖွဲ့နဲ့သဘောတူဖွဲ့စည်း လိုက်တာဖြစ်ပြီး ဗဟို ဦးဆောင်ကော်မတီဝင် (၂၂) ဦးက ဒီတပ်ပေါင်းစုကို ဦးဆောင်မှာပါ။
ဒီတပ်ပေါင်းစုမှာ ဥက္ကဌအဖြစ် KNU ကရင် အမျိုးသား အစည်းအရုံးက ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကို တာဝန်ပေးထားပါတယ်။
ဒုဥက္ကဌ - (၁) အဖြစ် အရင်က စစ်အစိုးရနဲ့အပစ်ရပ်ထားတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က ဗိုလ်ချုပ်ကြီး မရန်ဂေါ်ရီ ဇော်ဆိုင်းကို တာဝန် ပေးအပ်လိုက်ပါတယ်။
ဒုဥက္ကဌ - (၂) အဖြစ် KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက အေဘယ်တွိဒိုနဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ် NMSP မွန်ပြည်သစ်ပါတီက နိုင်ဟံသာ ကို တာဝန်ပေးလိုက်တာ တွေ့ရပါတယ်။
ဒီတပ်ပေါင်းစုဖွဲ့ရတဲ့ အကြောင်းကတော့ တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်တွေ၊ ဒီမိုကရေစီတွေရှိမယ့် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် စုပေါင်း ဆောင်ရွက်ကြဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းသေးစိတ်ကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြပါလိမ့်မယ်။