UNESCO အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် မြန်မာ အရွေးခံရ

UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ဆိုင်ရာ အာရှ-ပစိဖိတ်အုပ်စုမှာ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ မနေ့က ရွေးချယ်ခံရပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို တွေ့ရစဉ်

UNESCO  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ဆိုင်ရာ အာရှ-ပစိဖိတ်အုပ်စုမှာ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ မနေ့က ရွေးချယ်ခံရပါတယ်။

ဒီလ ၂၀ က ၂၇ ရက်ထိကျင်းပနေတဲ့ အကြိမ် ၄၀ မြောက် ယူနက်စကို အထွေထွေညီလာခံမှာ မဲပေးပိုင်ခွင့်ရှိတဲ့ အဖွဲ့ဝင် ၁၈၀ အနက် ၁၄၂ နိုင်ငံက ထောက်ခံတဲ့အတွက် နှစ် ၇၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၉ ဇွန်လကစလို့ ယူနက်စကိုမှာ အဖွဲ့ဝင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org