ဓလေ့ထုံးတမ်းအရ ၁၈ နှစ်အောက် ထိမ်းမြားနိုင်ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် .

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုရာမှာ အဲဒီအချက်ကို လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ အချက် ၁၂၉ ချက်ထဲက မူလဥပဒေကြမ်းမှာ လက်ထပ် ထိမ်းမြားနိုင်တဲ့ အသက်ဟာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေအတိုင်းဖြစ်ရမယ်လို့ သာပါရှိပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ ထိမ်းမြားခြင်းစာချုပ်ချုပ်ဆိုရင် ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပါရှိပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကတော့ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်ဆိုကိုထည့်ရင် ဓလေ့ထုံးစံအရ လက်ထပ်ထိမ်းမြားမှုတွေ ဥပဒေနဲ့မညီ ဖြစ်သွားမှာဖြစ်တဲ့အတွက် ရှေ့နောက်မညီဖြစ်နေတဲ့အတွက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်ဆိုတဲ့အချက်ကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ၁၈ နှစ်အောက် ကလေးတွေဟာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးအရ ပြည့်စုံတဲ့ အခြေအနေမဟုတ်သေးလို့ အိမ်ထောင်မပြုသင့်သေးဘူးလို့လည်း ပြောပါတယ်။

ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကို အမျိုးသားလွှတ်တော်ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org