ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေ ပြောင်းရွှေ့နေရာချရေး အကူအညီပေးဖို့ ကုလစီစဉ်

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းတစ်ကျွန်းပေါ်ကို ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကို ကူညီဖို့ ကုလသမဂ္ဂက စီစဉ်နေပါတယ်။

ကော့ဆက်ဘဇားရှိ ဒုက္ခ္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် Photo: REUTERS

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းတစ်ကျွန်းပေါ်ကို ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကို ကူညီဖို့ ကုလသမဂ္ဂက စီစဉ်နေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးပို့ထားတဲ့ အစီရင်ခံစာမှာ  ဒုက္ခသည်တွေကို ကျွန်းပေါ်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး အချိန်ဇယား၊ ကုန်ကျစရိတ် စတဲ့ အသေးစိတ် အစီအစဉ်တွေ ပါဝင်ပါတယ်။ ဒီအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၈.၆ သန်းကနေ ၁၉ သန်းကြား အလှူငွေလိုအပ်တယ်လို့လည်း ဖေါ်ပြပါတယ်။

ဒုက္ခသည်အများအပြားနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ နောက်ထပ် ပြဿနာတွေ၊ အကြပ်အတည်းတွေနဲ့ ကြုံတွေ့လာမယ့်အရေး စိုးရိမ်နေကြပါတယ်။

ကော့ဆက်ဘဇား ဒုက္ခ္ခသည်စခန်းကနေ သင်္ဘောနဲ့ နာရီအတော်ကြာသွားရတဲ့ ဘာဆန်ချာကျွန်းဟာ ဆိုင်ကလုန်းမုန်တိုင်း မကြာခဏ ဝင်ရောက်လေ့ရှိပြီး၊ ရေလွှမ်းမိုးလေ့ရှိတဲ့ကျွန်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org