အမေရိကန်ပြည်ထောင်စုရဲ့ထောက်ခံမှု အရေးကြီးကြောင်း ဝန်ကြီး ဦးအောင်မင်းပြောကြား

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ကို ခေတ္တ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဟာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေနဲ့ အခြားအရာရှိတွေအပြင် ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်၊ ဦးသီဟန်မျိုးညွှန့် စသူတို့ လိုက်ပါပြီး RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို စက်တင်ဘာလ ၂ဝ ရက်နေ့ မနက် (၇) နာရီက လာရောက် လည်ပတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က (RFA) လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်တွင် မြန်မာနိုင်ငံ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (လယ်)နှင့် ဒေါက်တာကျော်ရင်လှိုင် (ဝဲ) တို့ကို လွတ်လပ်တဲ့အာရှအသံ ဥက္ကဌ Ms. Libby Liu နှင့်အတူ တွေ့ရစဉ်။ RFA

ဝန်ကြီး ဦးအောင်မင်းက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အမေရိကန်လွှတ်တော်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲကို မိမိတက်ရောက်ပြီး နိုင်ငံရေး ပုံဖော်ခွင့် ရရှိခဲ့တဲ့အတွက် အားရကျေနပ်မိကြောင်း၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ မိမိတို့နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အသိအမှတ်ပြု၊ ထောက်ခံ အားပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း စသဖြင့် RFA ကိုပြောဆိုပါတယ်။

ဒါ့အပြင်ကချင်ပြည်နယ်က ပြဿနာတွေ ပြေလည်ဖို့လည်း ခြေတလှမ်းသာ ရှေ့တိုးဖို့ လိုတော့ကြောင်း ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါပြီ။

တွေ့ဆုံမေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org