ICC မှာ စစ်ဆေးအရေးယူဖို့ ရန်ကုန်မှာ တကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ

ICC နိုင်ငံတကာခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ဒီနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် Photo: Htet Arkar/RFA

ICC နိုင်ငံတကာခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ဒီနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော် မတီဝင် ဦးတင်မောင်ကြည်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လူသတ်တရားခံတွေကို ICC က အမြန်ဆုံးလာရောက်ဖမ်းဆီးပါလို့ ဦးတင်မောင်ကြည်က အခုလို တောင်းဆိုဆန္ဒပြခဲ့ တာဖြစ်ပါတယ်။

"ကျနော်တို့ ICC ကစပြီးတော့ တောင်းဆိုပါတယ်၊ အမြန်ဆုံးလာရောက်ဖမ်းဆီးပါ၊ လူသတ်တရားခံတွေကို UN နဲ့  ICC ကနေပြီးတော့ အမြန်ဆုံးလာရောက်ဖမ်းဆီးပါ"

ဦးတင်မောင်ကြည်ကို ဖမ်းဆီးရာမှာ ကျောက်တံတားရဲစခန်းက ရဲဝန်ထမ်း ၁၀ ယောက်လောက်နီးပါးက ဆန္ဒပြနေစဉ် ဝိုင်းဝန်းချုပ်နှောင်ပြီး အတင်းအကြပ် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုခံနေရတဲ့ ရန်ကုန်တိုင်းတရားသူကြီးချုပ် ဦးဟန်ထူး ရုံးထုတ်ခဲ့သလိုမျိူး ထီးနဲ့ကာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဦးတင်မောင်ကြည်ကို ဒီနေ့ ညနေပိုင်းမှာ ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာလည်း ICC က တပ်မတော်ကို အရေးယူဖို့ တစ်ကိုယ်တော် ဆန္ဒပြရာမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့တရားစွဲဆို ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org