ဝန်ကြီး ဦးနိုင်ငံလင်းကို ဓားနဲ့ခုတ်ခဲ့သူတွေ အလုပ်နဲ့ထောင်ဒဏ်ကျ

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလမှာ လက်ရှိ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း သာကေတ မြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ် ဓါးနဲ့ဝင်ခုတ်ခဲ့သူ ၃ ဦးကို သာကေတမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

မဲဆွယ်စည်းရုံးနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က သာကေတမြို့နယ် မှာ တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လက်ရှိ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ် ဓါးနဲ့ဝင်ခုတ်ခဲ့သူ ၃ ဦးကို သာကေတမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

တရားခံ ၃ဦးကို တရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို တရားလိုရှေ့နေ ဦးကျော်လှက အခုလိုပြောပါတယ်။

"ဦးနိုင်ငံလင်းအမှုက အပြီးသတ်အမိန်ချလိုက်တယ်၊ တရားခံက သုံးယောက်၊ အဓိကတရား ခံ အောင်ဇော်လတ်ကို ၁၉ (င) ပုဒ်မနဲ့က တစ်နှစ်၊ ၃၂၆ ပုဒ်မနဲ့က ငါးနှစ်၊ ၃၂၃ နဲ့က ခြောက်လနဲ့ ၂၉၄ က သုံးလ အားလုံးပေါင်း ခြောက်နှစ်နဲ့ ကိုးလပေါ့ ထက်ကို ကကျတော့ ၃၂၆/ ၁၁၄ နဲ့ သုံးနှစ်ချတယ်။ ၃၂၃ ကကျတော့ ခြောက်လ ကျတယ်။ သူက သုံးနှစ်နဲ့ခြောက်လ မျိုးမင်းခိုင်ကိုလည်း အဲ့လိုပဲချတယ်"

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃၀ ရက်နေ့က သာကေတမြို့နယ် မာန်ပြေရပ်ကွက်မှာ အောင်နိုင်ရေးကားနဲ့ ဦးနိုင်ငံလင်း လှည့်လည် မဲဆွယ်စည်ရုံးစဉ်မှာ မြို့ခံသုံးဦးက ဓါးနဲ့ ဝိုင်းခုတ်ခဲ့ကြတာကြောင့် ဦးနိုင်ငံလင်း ဦးခေါင်းနဲ့ လက်မှာ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသခဲ့ရပါတယ်။

အဲ့ဒီအမှုကို သာကေတမြို့နယ်တရားရုံးမှာ ၉ လကြာစစ်ဆေးခဲ့ပြီး ဒီနေ့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org