ကမ္ဘာတစ်ဝန်း စာရေးဆရာတွေကို ဖမ်းဆီးမှု မြန်မာ တတိယအများဆုံးဖြစ်
မြန်မာနိုင်ငံမှာ စာရေးဆရာ၊ တတ်သိပညာရှင်နဲ့ ပညာတတ်တွေကို ဖမ်းဆီးတာ စုစုပေါင်း ၂၆ ဦးရှိပြီး ဒါဟာ ကမ္ဘာမှာ တတိယ ဖမ်းဆီးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ PEN America အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
- 2022-04-14
-
-
-
မြန်မာနိုင်ငံမှာ စာရေးဆရာ၊ တတ်သိပညာရှင်နဲ့ ပညာတတ်တွေကို ဖမ်းဆီးတာ စုစုပေါင်း ၂၆ ဦးရှိပြီး ဒါဟာ ကမ္ဘာမှာ တတိယ ဖမ်းဆီးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ PEN America အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ဖမ်းဆီးမှုအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ စာရေးဆရာ ရှစ်ယောက်ရှိခဲ့ပြီး အဆင့် ၉ နေရာမှာ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PEN America အဖွဲ့က ထုတ်ပြန်တဲ့ လွတ်လပ်စွာရေးသားနိုင်မှု ညွှန်းကိန်းအရ တရုတ်မှာ ဖမ်းဆီးထားသူ စာရေးဆရာနဲ့ တတ်သိပညာရှင် ၈၅ ဦးရှိပြီး ကမ္ဘာတစ်ဝန်း ဖမ်းဆီးမှု အများဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံကတော့ ၂၉ ဦးနဲ့ ဒုတိယ၊ မြန်မာက ၂၆ ဦးနဲ့ တတိယ အသီးသီးဖြစ်ကြပါတယ်။
မြန်မာနိုင်ငံက လွတ်လပ်စွာထုတ်ဖော်ခွင့်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်း ပြီးနောက် ရုတ်တရက် ဆိုးဝါးသွားတာဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုတွေပါ ဆက်တိုက်ပြုလုပ်လာသလို စာရေးဆရာနဲ့ တတ်သိပညာရှင်တွေ၊ လူထုပညာတတ်တွေ ဟာ စောင့်ကြည့်ခံရမှုတွေအပါအဝင်၊ ခြိမ်းခြောက်ခံရတာနဲ့ သူတို့ရဲ့ လွတ်လပ်စွာ ရေးသားနိုင်ခွင့်ကို ကန့်သတ်တာ ခံနေရတယ်လို့ ဆိုပါတယ်။
PEN America က ထုတ်ပြန်တဲ့ လွတ်လပ်စွာရေးသားနိုင်မှု ညွှန်းကိန်းအရ ကမ္ဘာနဲ့အဝန်း နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ အခုနှစ်အတွင်း အဖမ်းခံရသူ စာရေးဆရာ ၂၇၇ ဦးရှိပြီး ပြီးခဲ့တဲ့ နှစ်က ၂၇၃ ဦး ရှိခဲ့ပါတယ်။