နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက် သတ်မှတ်တာကို စက်မှုဇုန် အလုပ်သမားတွေ ကန့်ကွက်

ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်သစ်ကူးရုံး ပိတ်ရက်တွေကို ၅ ရက်အဖြစ် ပြင်ဆင် သတ်မှတ်လိုက်တာကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၇၀၀ ကျော်က ဒီနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။

နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက် သတ်မှတ်တာကို စက်မှုဇုန် အလုပ်သမားတွေ မတ်လ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ် Photo: U Kyaw Zay Ya

ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်သစ်ကူးရုံးပိတ်ရက်တွေကို ၅ ရက်အဖြစ် ပြင်ဆင်သတ်မှတ် လိုက်တာကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၇၀၀ ကျော်က ဒီနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။

တရားဝင်အလုပ်ပိတ်ရက်တွေ ပြောင်းလဲလိုက်တဲ့အတွက် နယ်က အလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်အခဲတွေ ရှိလာတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုကျော်ဇေယျ က ပြောပါတယ်။

" အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်အကိုင်ပေါများတဲ့ ဒီရန်ကုန်လို မန္တလေးလိုနေရာမျိုးတွေမှာ အလုပ် လာလုပ်ကြတယ်၊ အထူးသဖြင့်တော့ နယ်ဝေးကလူတွေပေါ့ဗျာ၊ နှစ်သစ်ကူးရုံးပိတ်ရက်ကျမှ မိသားစုနဲ့ပြန်တွေ့တာတို့၊ ရဟန်းခံ ရှင်ပြုတို့ ဒါတွေကို လုပ်ရတာ၊ ခါတိုင်းနှစ်တွေမှာတောင် မှပဲ ဒီပိတ်ရက် ၁၀ ရက်နဲ့ မလောက်လို့၊ အလုပ်ရှင်နဲ့ ညှိပြီးတော့ လုပ်သက်ခွင့်တို့၊ လစာမဲ့ခွင့်တို့နဲ့ တွဲတိုင်ပေးရတာတွေရှိတယ်၊ ဒီနှစ်မှာ အဲလို ၅ ရက်ရယ်လို့ သတ်မှတ်လိုက်တော့ ကျနော် တို့မှာပိုပြီးတော့ အဆင်မပြေမှုဖြစ်တယ်ပေါ့ဗျာ၊ ပြီးတော့အစိုးရက ဒီကိစ္စမျိုးကို ပြောင်းလဲမယ် ဆိုရင်လည်း နည်းနည်းလေးအချိန်လေးယူပြီးတော့ အလုပ်သမားတွေကို ကြိုတင်ပြီးတော့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေ လုပ်ရင်တော့လည်း ဒီလောက်ထိ ပြဿနာက ကြီးမှာမဟုတ်ဘူးပေါ့ဗျာ။ "

စက်မှုဇုန်က အလုပ်သမားတွေကို ဒီနှစ်မှာ အရင်အတိုင်းပိတ်ရက် ၁၀ ရက်ပိတ်ပေးမှာဖြစ်ပေမယ့် ၅ ရက်စာကို အစားပြန်ဆင်းပေးတာ၊ ခွင့်ရက်တွေနဲ့ ချေတာ၊ လစာမဲ့ခွင့်ပေးတာ စတာတွေကို အလုပ်ရှင်နဲ့ ပြန်ညှိနှိုင်းရမှာ ဖြစ်တာကြောင့် အလုပ်သမားတွေက ပုံမှန်အတိုင်း ၁၀ ရက်ပိတ်ပေးဖို့ တောင်းဆိုကြ တာဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေအပြင် ပုဂ္ဂလိကအလုပ်သမားတွေကို သြင်္ကန်ပိတ်ရက် ၁၀ ရက်ပေးနိုင်ရေးအတွက် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေ၊ စက်မှုဇုန်ပြင်ပက လုပ်ငန်းရှင်တွေ ရန်ကုန်မြို့ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ရန်ကုန်-ညောင်တုန်းလမ်းမကြီးတစ်လျှောက် စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပြီး စုဝေးဟောပြောတာတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org