သာပေါင်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ဖွဲ့စည်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ လယ်သမား (၄၆) ဦး ပါဝင်တဲ့ သမဂ္ဂအဖွဲ့ကို မနေ့က ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။
-
2013-03-09 -
-
-
လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ လယ်သမား (၄၆) ဦး ပါဝင်တဲ့ သမဂ္ဂအဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဒီဒေသမှာ သိမ်းဆည်းခံနေရတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးအတွက် အခုလို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ လယ်သမားသမဂ္ဂရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးမင်းထွန်းက ပြောပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ သာပေါင်းမြို့နယ် လယ်သမားသမဂ္ဂမှာ ကျေးရွာအုပ်စု(၁၂)စုက လယ်သမားတွေ ပါဝင်ပါတယ်။
အဲဒီဒေသမှာ လယ်ဧကပေါင်း သုံးရာကျော် ကို ၁၉၉၉ ခုနှစ်ကတည်းက ဧရာရွှေဝါ ကုမ္ပဏီက သိမ်းယူခဲ့ပြီး နောက်ပိုင်း တောင်သူတွေ စိုက်ပျိုးခွင့် မရတော့တဲ့အတွက် ဒီလယ်တွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကို စာရေးသားတင်ပြထားတယ်လို့ သိရပါတယ်။