သံတွဲ လေဆိပ်မှာ လေယာဉ် ဗိုက်နဲ့ ရှပ်ဆင်းရ
မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဟဲဟိုးမြို့ကနေ ရခိုင်ပြည်နယ် သံတွဲ မဇင်လေဆိပ်ကို မနေ့ မနက်က ထွက်ခွာသွားတဲ့ ကမ္ဘောဇ လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ လေဆိပ်အဆင်းမှာ ရှေ့ဘီး ချမရတဲ့အတွက် အနီးရှိ ကွင်းပြင်မှာ ဝမ်းဗိုက်နဲ့ ရှပ်ပြီး ဆင်းခဲ့ရတယ်လို့ ဆင်ဟွာသတင်းတစ်ပုဒ်က ဒီနေ့ ဖော်ပြလိုက်ပါတယ်။
-
2012-02-17 -
-
-
အဲဒီလို ဆင်းခဲ့ရပေမယ့် လေယာဉ် မီးလောင်မှု မဖြစ်ပွားခဲ့တဲ့အတွက် လူသူ အသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခု ဧပြီလက စတင် ထူထောင်ခဲ့တဲ့ ကမ္ဘောဇ လေကြောင်းလိုင်းဟာ ATR 72 အမျိုးအစား လေယာဉ် ၃ စီးနဲ့ ပြည်တွင်းခရီးစဉ်တွေ ပျံသန်းနေပါတယ်။