သံဃာတွေရဲ့ ထပ်ဆင့်ဒါန

ထိုင်းနိုင်ငံ ခွန်းကင်မြို့က အွန်ဒေးခြား ငါးဖမ်းပိုက်စက်ရုံမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံသားတွေက ဘန်ကောက် မြို့မှာရှိတဲ့ အောင်သပြေကျောင်းနဲ့ မဲဆောက် မြို့က အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် မြန်မာ ရဟန်းတော်အဖွဲ့ကို နှစ်ဆန်းတစ်ရက်နေ့က ကုသိုလ်ဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြတဲ့ ပစ္စည်း တွေကို အဲ့ဒီ သံဃာတွေက ကရင်ပြည်နယ်မှာ ဘဝသစ်ထူထောင်နေကြတဲ့ သမီးလေးရွာကပြောင်းရွှေ့လာကြသူတွေကို ပြန်လည်လှူဒါန်းမယ်လို့ ဘန်ကောက်မြို့ အောင်သပြေကျောင်းဆရာတော် ဦးဇောတိက က RFA ကို မိန့်ပါတယ်။

သမီးကလေး ကျေးရွာသူကျေးရွာသားများကို အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဝန်းအတွင်း တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံ ခွန်းကင်မြို့က အွန်ဒေးခြား ငါးဖမ်းပိုက် စက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက ဘန်ကောက်မြို့မှာရှိတဲ့ အောင်သပြေကျောင်းနဲ့ မဲဆောက်မြို့က အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် မြန်မာရဟန်းတော် အဖွဲ့ကို နှစ်ဆန်း တစ်ရက်နေ့က ကုသိုလ်ဖြစ် ဆွမ်းဆန်စိမ်းလောင်း လှူကြတဲ့ ပစ္စည်း တွေကို အဲဒီသံဃာတွေက ကရင်ပြည်နယ်မှာဘဝသစ်ထူထောင်နေကြတဲ့ သမီးလေးရွာ ကပြောင်းရွှေ့လာကြသူတွေကို ပြန်လည် လှူဒါန်းမယ်လို့ ဘန်ကောက်မြို့ အောင်သပြေကျောင်း ဆရာတော် ဦးဇောတိက က RFA ကို မိန့်ပါတယ်။

"နှစ်ဆန်းတစ်ရက်နေ့က ထိုင်းနိုင်ငံ အရှေ့မြောက် ပိုင်း ခုံဇင်ခရိုင်၊ခုံဇင်မြို့မှာရှိ တဲ့ မြန်မာအလုပ်သမား ၁ဝဝဝ လောက်ရှိတဲ့ မြန်မာအလုပ်သမားတွေကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းပေါင်းမျိုးစုံပေါ့ ဒကာကြီးရာ ဒီလိုပစ္စည်းတွေကို ဘုန်းဘုန်းတို့က သံဃာတော် ၉ ပါးကြွပြီးတော့ အလှူခံပြီးတော့ ရရှိလာတဲ့ ပစ္စည်းတွေကို ဘုန်းဘုန်းတို့က ဘန်ကောက်ကို ပြန်မသယ်တော့ပဲ နဲ့ သမီးကလေးကျေးရွာပျက်လို့ ထိုင်းနိုင်ငံနယ်စပ် မြန်မာပြည် ကရင်ပြည်နယ်ဖက်ကို ရောက်ရှိလာတဲ့ ဗိုလ်မှူးကြီးစန်းအောင် ကယ်တင်လာတဲ့ ပုဂ္ဂိုလ်တွေအတွက်ကို ဘုန်းဘုန်းတို့က ထပ်မံပြီးတော့ လှူဒါန်းပေးဖို့ အတွက် အကုန်လုံးပြင်ဆင်ထားခဲ့ပြီးပါပြီ"

ရွာသားတွေကိုပြန်လှူဒါန်းမယ့် ပစ္စည်းတွေထဲမှာ  မာမားခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ဓါတ်ဆားရည်၊ အဖျော်ရည်စတဲ့ပစ္စည်းတွေပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေကို အပြည်ပြည်ဆိုင်ရာသာသနာ့ ဥသျှောင် မြန်မာရဟန်းတော်အဖွဲ့ မဲဆောက်ဌါနခွဲမှာ သီတင်းသုံးတဲ့ သံဃာတော် တွေက  ရွာသားတွေထံကို လာမယ့်ရက်ပိုင်းအတွင်း ကိုယ်တိုင်သွားလှူကြလိမ့်မယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org